ကယ္လီဖိုးနီးယားတြင္ သားသမီးမ်ားကို ညွင္းပန္းႏွိပ္စက္သည့္မိဘမ်ားအား ေထာင္ဒဏ္ (၂၅)ႏွစ္ ခ်မွတ္

ကယ္လီဖိုးနီးယားတြင္ သားသမီးမ်ားကို ညွင္းပန္းႏွိပ္စက္သည့္မိဘမ်ားအား ေထာင္ဒဏ္ (၂၅)ႏွစ္ ခ်မွတ္
ဧပြီ 20, 2019
By 🌸
အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားတြင္ သားသမီးမ်ားကို ညႇင္းပန္းႏွိပ္စက္သည့္မိဘမ်ားအေၾကာင္း တာဝန္ရိွသူမ်ားထံ ကေလးတစ္ဦးက သတင္းပို႔ႏုိင္ခဲ့သည့္အတြက္ တရားရင္ဆုိင္ေနရသည့္ မိဘႏွစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၉)ရက္ေန႔က ေထာင္ဒဏ္ (၂၅)ႏွစ္ခ်မွတ္လုိက္ေၾကာင္း သိရသည္။

အဆိုပါဇနီးေမာင္ႏွံတြင္ ကေလး (၁၃)ဦးရိွသည့္အနက္ (၁၂)ဦးမွာ ညႇင္းပန္းႏွိပ္စက္ခံခဲ့ရျခင္းျဖစ္ၿပီး မိဘမ်ားအား အမိန္႔ခ်မွတ္ရာ တရားရံုးခ်ိန္းသို႔ ကေလးမ်ားလည္း လာေရာက္ခဲ့ၾကၿပီး ၎တို႔မိဘမ်ား က်ခံရမည့္ျပစ္ဒဏ္ႏွင့္ပတ္သက္၍ ေျပာၾကားခဲ့ၾကကာ ကေလးမ်ားအား ဓါတ္ပံု၊ ဗီဒီယိုရိုက္ကူးခြင့္ကို တရားရံုးက တားျမစ္ေပးခဲ့ေၾကာင္း သိရသည္။

 “အခုခ်ိန္ထိ အရုိက္ခံရတာကို အိပ္မက္ဆိုးေတြမက္ေနတုန္းပါပဲ”ဟု ကေလးတစ္ဦးက တရားရံုးတြင္ ေျပာၾကားသြားသည္။

ဆိုးဆိုးဝါးဝါးျဖတ္သန္းခဲ့ရသည့္ေန႔ရက္မ်ားေၾကာင့္ ပိုမိုသန္မာလာခဲ့ရသည္ဟု နံပါတ္(၄)သမီးျဖစ္သူက ေျပာၾကားသည္။

“ကၽြန္မ မိဘေတြက ဘဝတစ္ခုလံုးကို ယူေဆာင္သြားခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ ကၽြန္မဘဝကို ျပန္ရပါၿပီ”ဟု သမီးျဖစ္သူက ေျပာၾကားသြားသည္။

ကေလးမ်ားက မိဘမ်ားအား ခ်စ္ေနဆဲျဖစ္ေၾကာင္းႏွင့္ မိဘမ်ားအေပၚ ခ်မွတ္ထားသည့္ ျပစ္ဒဏ္ကို ေလွ်ာ့ေပါ့ေပးေစလုိေၾကာင္း ကေလးတစ္ဦးက ေျပာၾကားခဲ့သည္။

“ကၽြန္ေတာ္တုိ႔မိဘေတြက ကၽြန္ေတာ္တုိ႔ (၁၃) ေယာက္ကို သူတုိ႔တတ္ႏုိင္သမွ် ျပဳစုေစာင့္ေရွာက္ခဲ့ၾကတာပါ။ ေထာင္ဒဏ္ (၂၅) ႏွစ္က ၾကာလြန္းတယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္”ဟု ကေလးတစ္ဦးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ေဒးဗစ္တာပင္ႏွင့္ လူးဝစ္တာပင္တို႔၏ သမီးႏွစ္ဦးမွာ ကေလးမယူႏုိင္ေတာ့သည့္ အေျခအေန ေရာက္ေနသည့္အျပင္ ကေလးအခ်ိဳ႕မွာ ၾကြက္သားမ်ား ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားသည့္ အေျခအေနေရာက္သည္အထိ ညႇင္းပန္းႏွိပ္စက္ခံထားရသျဖင့္ ကေလးမ်ား ျပဳစုေစာင့္ေရွာက္ရန္ လစ္ဟင္းမႈျဖင့္ ၎တို႔ဇနီးေမာင္ႏွံကို တရားစြဲဆိုခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးမ်ားအား ညႇင္းပန္းႏွိပ္စက္ေလ့ရိွရာ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလက အသက္ (၁၇)ႏွစ္အရြယ္ သမီးျဖစ္သူက ေနအိမ္ျပတင္းေပါက္မွခုန္ခ်ထြက္ေျပးလြတ္ေျမာက္သြားၿပီးေနာက္ ဆဲလ္ဖုန္းျဖင့္ တာဝန္ရိွသူမ်ားအား ဆက္သြယ္ၿပီး ထိတ္လန္႔စရာေကာင္းလွသည့္ မိသားစု၏အေျခအေနကို အေၾကာင္းၾကားႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ့္ေၾကာင့္ သူတုိ႔ေတြ ေဘးျဖစ္ေစခဲ့ရတဲ့အတြက္ ေတာင္းပန္ပါတယ္။ မိဘေတြျဖစ္တဲ့ ကၽြန္ေတာ္တုိ႔တစ္ေတြ သူတုိ႔အနားမွာ မရိွေတာ့ခ်ိန္မွာ ကေလးေတြ စည္းစည္းလံုးလံုးေနခဲ့ၾကမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ သူတုိ႔တစ္ဦးဆီတုိင္းအတြက္ ကၽြန္ေတာ္ ဂုဏ္ယူပါတယ္။ ကၽြန္ေတာ့္ ကေလးေတြအားလံုးကို လြမ္းေနမွာပါ။ သူတုိ႔အတြက္ ဆုေတာင္းေပးေနမွာပါ”ဟု ဖခင္ျဖစ္သူ ေဒးဗစ္တာပင္က ေျပာၾကားသည္။

မိခင္ျဖစ္သူ လူးဝစ္တာပင္၏ စာကို တရားရံုးတြင္ ဖတ္ၾကားခဲ့သည္။

“ကၽြန္မတုိ႔က သူတုိ႔အားလံုးကို အေကာင္းဆံုးျဖစ္ေစခ်င္တာပါ။ သူတုိ႔ ေပ်ာ္ရႊင္မႈက ကၽြန္မအတြက္ အေရးအႀကီးဆံုးပါပဲ”ဟု မိခင္ျဖစ္သူက ဆိုသည္။

အသက္ (၅၇)ႏွစ္အရြယ္ ေဒးဗစ္တာပင္မွာ အင္ဂ်င္နီယာတစ္ဦးျဖစ္ၿပီး အသက္ (၅၀)အရြယ္ ဇနီးျဖစ္သူ လူးဝစ္တာပင္မွာ ၂၀၁၁ ခုႏွစ္ကတည္းက ဘဏ္ကိုအေၾကြးမဆပ္ႏုိင္ေတာ့ေၾကာင္း ေဒဝါလီခံထားသည့္ အိမ္ရွင္မတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Fox News
 

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယ်လီဖိုးနီးယားတွင် သားသမီးများကို ညှင်းပန်းနှိပ်စက်သည့်မိဘများအား ထောင်ဒဏ် (၂၅)နှစ် ချမှတ်
***********
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတွင် သားသမီးများကို ညှင်းပန်းနှိပ်စက်သည့်မိဘများအကြောင်း တာဝန်ရှိသူများထံ ကလေးတစ်ဦးက သတင်းပို့နိုင်ခဲ့သည့်အတွက် တရားရင်ဆိုင်နေရသည့် မိဘနှစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က ထောင်ဒဏ် (၂၅)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါဇနီးမောင်နှံတွင် ကလေး (၁၃)ဦးရှိသည့်အနက် (၁၂)ဦးမှာ ညှင်းပန်းနှိပ်စက်ခံခဲ့ရခြင်းဖြစ်ပြီး မိဘများအား အမိန့်ချမှတ်ရာ တရားရုံးချိန်းသို့ ကလေးများလည်း လာရောက်ခဲ့ကြပြီး ၎င်းတို့မိဘများ ကျခံရမည့်ပြစ်ဒဏ်နှင့်ပတ်သက်၍ ပြောကြားခဲ့ကြကာ ကလေးများအား ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးခွင့်ကို တရားရုံးက တားမြစ်ပေးခဲ့ကြောင်း သိရသည်။

 “အခုချိန်ထိ အရိုက်ခံရတာကို အိပ်မက်ဆိုးတွေမက်နေတုန်းပါပဲ”ဟု ကလေးတစ်ဦးက တရားရုံးတွင် ပြောကြားသွားသည်။

ဆိုးဆိုးဝါးဝါးဖြတ်သန်းခဲ့ရသည့်နေ့ရက်များကြောင့် ပိုမိုသန်မာလာခဲ့ရသည်ဟု နံပါတ်(၄)သမီးဖြစ်သူက ပြောကြားသည်။

“ကျွန်မ မိဘတွေက ဘဝတစ်ခုလုံးကို ယူဆောင်သွားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မဘဝကို ပြန်ရပါပြီ”ဟု သမီးဖြစ်သူက ပြောကြားသွားသည်။

ကလေးများက မိဘများအား ချစ်နေဆဲဖြစ်ကြောင်းနှင့် မိဘများအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးစေလိုကြောင်း ကလေးတစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့မိဘတွေက ကျွန်တော်တို့ (၁၃) ယောက်ကို သူတို့တတ်နိုင်သမျှ ပြုစုစောင့်ရှောက်ခဲ့ကြတာပါ။ ထောင်ဒဏ် (၂၅) နှစ်က ကြာလွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ကလေးတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ဒေးဗစ်တာပင်နှင့် လူးဝစ်တာပင်တို့၏ သမီးနှစ်ဦးမှာ ကလေးမယူနိုင်တော့သည့် အခြေအနေ ရောက်နေသည့်အပြင် ကလေးအချို့မှာ ကြွက်သားများ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် အခြေအနေရောက်သည်အထိ ညှင်းပန်းနှိပ်စက်ခံထားရသဖြင့် ကလေးများ ပြုစုစောင့်ရှောက်ရန် လစ်ဟင်းမှုဖြင့် ၎င်းတို့ဇနီးမောင်နှံကို တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးများအား ညှင်းပန်းနှိပ်စက်လေ့ရှိရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက အသက် (၁၇)နှစ်အရွယ် သမီးဖြစ်သူက နေအိမ်ပြတင်းပေါက်မှခုန်ချထွက်ပြေးလွတ်မြောက်သွားပြီးနောက် ဆဲလ်ဖုန်းဖြင့် တာဝန်ရှိသူများအား ဆက်သွယ်ပြီး ထိတ်လန့်စရာကောင်းလှသည့် မိသားစု၏အခြေအနေကို အကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ကြောင့် သူတို့တွေ ဘေးဖြစ်စေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ မိဘတွေဖြစ်တဲ့ ကျွန်တော်တို့တစ်တွေ သူတို့အနားမှာ မရှိတော့ချိန်မှာ ကလေးတွေ စည်းစည်းလုံးလုံးနေခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့တစ်ဦးဆီတိုင်းအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ကျွန်တော့် ကလေးတွေအားလုံးကို လွမ်းနေမှာပါ။ သူတို့အတွက် ဆုတောင်းပေးနေမှာပါ”ဟု ဖခင်ဖြစ်သူ ဒေးဗစ်တာပင်က ပြောကြားသည်။

မိခင်ဖြစ်သူ လူးဝစ်တာပင်၏ စာကို တရားရုံးတွင် ဖတ်ကြားခဲ့သည်။

“ကျွန်မတို့က သူတို့အားလုံးကို အကောင်းဆုံးဖြစ်စေချင်တာပါ။ သူတို့ ပျော်ရွှင်မှုက ကျွန်မအတွက် အရေးအကြီးဆုံးပါပဲ”ဟု မိခင်ဖြစ်သူက ဆိုသည်။

အသက် (၅၇)နှစ်အရွယ် ဒေးဗစ်တာပင်မှာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အသက် (၅၀)အရွယ် ဇနီးဖြစ်သူ လူးဝစ်တာပင်မှာ ၂၀၁၁ ခုနှစ်ကတည်းက ဘဏ်ကိုအကြွေးမဆပ်နိုင်တော့ကြောင်း ဒေဝါလီခံထားသည့် အိမ်ရှင်မတစ်ဦးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Fox News

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net