ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA ထုတ်ပြန်

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA ထုတ်ပြန်
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ပူး‌ပေါင်း PNO တပ်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PNLAထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့က PNLA၏ လုံခြုံရေးစစ်ကြောင်းကို စစ်ကောင်စီနှင့် PNOတပ်များက စနိုက်ပါများ၊ ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်ရာက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် PNLAက နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်သား (၈)ဦးထက်မနည်းသေပြီး သေနတ်(၂)လက်၊ ကားတစ်စီးနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် PNOတို့သည် တပ်ဆုတ်သွားရာ လမ်းတလျောက်ရှိ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA News & Information Department