ခင်ဦးတွင် စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီထွက်ပြေးနေရ 

ခင်ဦးတွင် စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း (၂)ကြောင်းဖြင့် တစ်ပြိုင်တည်း စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံ‌ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုမှာ ခင်ဦးမြို့ပေါ်မှ ထွက်လာရာ လက်ရှိတွင် ပင်တင်းရွာအနီးရောက်ရှိနေသောကြောင့် ပင်တင်းရွာဒေသခံများအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ(၃)ရွာမှ ဒေသခံများ ထွက်ပြေးနေကြရကြောင်း သိရသည်။

နောက်ထပ်စစ်ကြောင်းတစ်ခုမှာ ရွှေဘိုနယ် မြင်စီးရွာပျူ‌စောထီးစခန်းသို့ရောက်ရှိနေသော ရေဦးမှထွက်လာသည့် အင်အား(၁၀၀)ကျော်ပါ စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် ရွှေဘိုနယ် သရက်ပင်ဝန်းကျေးရွာမှ ခင်ဦးနယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများအား လက်နက်ကြီးငယ်များပစ်ခတ်လာသောကြောင့် ရွှေဘို-ခင်ဦးနယ်စပ် ကြာပင်အိုင်၊သရက်ပင်ဝန်း၊ ညောင်ပင်ကြီးစု၊ သိမ်တော်စသည့် ကျေးရွာများမှ ဒေခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

#TachileikNewsAgency

Photo : ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး