နယူးယောက်မြို့တွင် ကျင်းပသည့် ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော်အတွင်း တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃၀,၀၀၀)ကျော်ဖိုး ရောင်းချရ

နယူးယောက်မြို့တွင် ကျင်းပသည့် ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော်အတွင်း တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃၀,၀၀၀)ကျော်ဖိုး ရောင်းချရ

 အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပြုလုပ်သည့်  ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ၂၀၂၃ခုနှစ် ဒေသစံတော်ချိန် ဧပြီလ(၂၉)ရက်နေ့၏  နံနက် (၁၁)နာရီမှ ညနေ(၃)နာရီအထိ ကျင်းပရာ အမေရိကန် ဒေါ်လာ(၃၀,၀၀၀)ကျော်ဖိုး ရောင်းရကြောင်း သိရသည်။

 

 ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော်အတွင်း The New York City BURMESE COMMUNITY ( NYCBC )က အထူးအစီအစဉ်အနေဖြင့် တော်လှန်သင်္ကြန် သံချပ်ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ဈေးရောင်းပွဲတော်အတွင်း မြန်မာ့ရိုးရာ လက်ဆောင်ပစ္စည်းများနှင့် အစားအသောက်များ ရောင်းချသည့်အပြင် မြန်မာပြည်မှ ပန်းချီအနုပညာရှင် ရေးဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီ ရေဆေးကား အပါအဝင် အဆိုတော် ကျော်သီဟရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည် ခဲခြစ်ပုံတူပန်းချီ ပန်းချီကားများကိုလည်း ရန်ပုံငွေအဖြစ် လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် သရုပ်ဆောင် အနုပညာရှင် ဒေါင်း ကိုယ်တိုင် ရေးဆွဲထားသော ပန်ချီလက်ရာပါသော ချည်ထည်အိပ် collecions များကိုလည်း လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေဈေးရောင်းပွဲတော် သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နယူးယောက်မြို့ရောက် မြန်မာနိုင်ငံသားအများအပြား ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

 

Photo - Kyaw Soe Latt