တောင်ကြီး - လွိုင်လင် လမ်းပေါ်တွင် ကျပ် (၁.၈)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

တောင်ကြီး - လွိုင်လင် လမ်းပေါ်တွင် ကျပ် (၁.၈)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်အပိုင်း လွိုင်လင် - တောင်ကြီး ကားလမ်းပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်သယ်လာသည့် ကျပ် (၁.၈)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

လွိုင်လင်မြို့နယ်အပိုင်း လွိုင်လင် - တောင်ကြီး ကားလမ်းပေါ် ဟိုတင့်ကျေးရွာအနီးတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၆)ရက်နေ့ မွန်လွဲ(၁)နာရီဝန်းကျင်အချိန်က လွိုင်လင်မြို့မှ တောင်ကြီးမြို့ဘက်သို့  စိုင်းလောဝ်လိုင်းနှင့် စိုင်းလိန်(ခ)အိုက်လိန် မောင်းလာသည့် (၁၂)ဘီးမော်တော်ယာဉ်အား မူးယစ်ဆေးဝါး သတင်းပေးအရ ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်ရာတွင် (၁၂)ဘီးမော်တော်ယာဉ်အတွင်း ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့်  ကျပ် (၁.၈)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ (၅၃.၉၉)ကီလို၊ ရေခဲ(ice) ကီလို(၅၀) နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၂၄၀၀၀)တို့ကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍  မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်သူများဟု ဆိုသည့် ကျင်းထန်(ခ)ရှီကျင်းထန် နှင့် ရန်ကျုံးဝေ(ခ)အားဝေ တို့ကိုလည်း Toyota Hilux ယာဉ်နှင့်အတူ တောင်ကြီးမြို့နယ် (၄)မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ယင်းနေ့၏ နေ့လည်(၂)နာရီခွဲဝန်းကျင်တွင် ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဆက်စပ်သတင်း