အပစ်ရပ်စာချုပ်ကိုချိုးဖောက်ပြီး စစ်ကောင်စီတပ်က ကျောက်မဲရှိ TNLA တပ်စွဲထားသော တောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်

အပစ်ရပ်စာချုပ်ကိုချိုးဖောက်ပြီး စစ်ကောင်စီတပ်က ကျောက်မဲရှိ TNLA တပ်စွဲထားသော တောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်
ဇန်နဝါရီ 13, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်‌မြောက်ရေး 

တပ်မတော်(TNLA)တို့ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAထံမှ သိရသည်။

ကျောက်မဲမြို့ စစ်ကောင်စီတပ်(၅၀၁)၊ (၅၀၂)တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် TNLAတည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

TNLAဘက်က အခြေချတပ်စွဲထားသော ငြိမ်ချမ်းရေးကုန်းကို ပြည်သူများ စစ်ဘေးဒဏ်သင့်မည်စိုးရိမ်းသောကြောင့် ယာယီနောက် ဆုတ်ပေးလိုက်ရသည်ဟု ဆိုသည်။

ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ရေးထိုးထားသည့် အပစ်ခတ်ရပ်စဲရေးစာချုပ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင် ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ကလည်း မိုးကုတ်၊ ကျောက်မဲနှင့် လားရှိုးမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ TNLAရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency