မူဆယ်မြို့၊ တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းအတွင်းရှိ ကုန်ကားများမီးလောင်၊ လက်နက်ကြီးကျခြင်းဖြစ်ဟု ဒေသခံများပြောဆို

မူဆယ်မြို့၊ တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းအတွင်းရှိ ကုန်ကားများမီးလောင်၊ လက်နက်ကြီးကျခြင်းဖြစ်ဟု ဒေသခံများပြောဆို
နိုဝင်ဘာ 23, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းအတွင်းရှိ ကုန်ပစ္စည်းတင်ကားကြီးများ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်နေသည့် ကုန်ကားများမှာ နှစ်နိုင်ငံပို့ကုန်များတင်ပို့ရန် ရောက်ရှိနေသော ကားများဖြစ်ပြီး  တရုတ်နိုင်ငံဘက်ကလည်း နိုဝင်ဘာလ (၂၄)ရက်နေ့ နောက်ဆုံးထားပြီး ပစ္စည်းတင်ထားသောကားများ ပြန်သွင်းရန် ကြေညာထားသည်ဟု သိရသည်။

“လက်နက်ကြီးထိတာလို့လည်း ပြောတယ်။ နှစ်ဖက်အပစ်အခတ်တွေရှိနေတော့ အခြေအနေက မသိရသေးဘူး။ ”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

 

ယာဉ်ရပ်နားစခန်းတွင် ရပ်နားထားသော ကုန်ကားစီးရေများစွာရှိနေပြီး ကုန်ကားများ မီးလောင်နေခြင်းကြောင့် ကားဝန်းအတွင်းရှိ အရပ်သားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အခြေအနေအသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့တာဝန်ရှိသူများကလည်း မသိရှိသေးဟု Tachileik News Agencyကို ပြန်လည်ဖြေကြားထားသည်။

#TachileikNewsAgency