ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေရဲစခန်းကို ABSDF ပူးပေါင်းတပ်များတိုက်ခိုက်

ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေရဲစခန်းကို ABSDF ပူးပေါင်းတပ်များတိုက်ခိုက်

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ABSDFပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလေတပ်က ပေါင်(၃၀၀)ဗုံးဖြင့် လာရောက်ကြဲချခဲ့ကြောင်း ABSDFတပ်ဖွဲ့က ယနေ့ ဩဂုတ်လ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ပေါင်(၃၀၀)ဗုံး (၅)လုံး လာရောက်ဗုံးကြဲခြင်း အပါအဝင် ဂန့်ဂေါမြို့ အမြှောက်တပ်ရင်းမှ  အမြှောက်များဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ဂန့်ဂေါမြို့မှ ခန့်မှန်းအင်အား(၁၀၀)ဝန်းကျင် စစ်ကူလာခြင်းတို့ကြောင့် ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲ(၅)ဦးသေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ PDFရဲဘော် (၅)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)အမှတ် (၁၂)တပ်ရင်း၊ ဂန့်ဂေါခရိုင် PDF တပ်ရင်း(၁)၊ တပ်ရင်း (၇)၊ တပ်ရင်း (၁၁)၊ တပ်ရင်း (၁၂)၊ တပ်ရင်း(၁၄)၊ မင်းဘူးခရိုင် PDFတပ်ရင်း၊ ဂန့်ဂေါမြို့နယ် ပ.က.ဖနှင့် ထီးလင်းမြို့နယ် ပ.က.ဖ တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency