မောင်တောမြို့တွင် စခန်းစွန့်လာသည့် နယ်ခြားစောင့်ရဲများ AA တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဘက်ထွက်ပြေး

မောင်တောမြို့တွင် စခန်းစွန့်လာသည့် နယ်ခြားစောင့်ရဲများ AA တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဘက်ထွက်ပြေး

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၄ ခုနှစ် မတ်လ (၁၀)ရက်၊ ညနေပိုင်းကစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မတ်လ(၁၁)ရက်နေ့တွင်လည်း ရက္ခိုင့်တပ်တော်က ဖြတ်တောက်ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်က အဆိုပါစစ်ကြောင်းများကို လိုက်လံချေမှုန်းတိုက်ခိုက်သောကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် စခန်းကိုစွန့်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်ထွက်ပြေးသွားရာ ထွက်ပြေးလွတ်မြောက်နေသူ နယ်ခြားစောင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်အထိရှိနိုင်သည်ဟု ဆိုသည်။

ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ မတ်လ(၁၀)ရက်နေ့ကစတင်ကာ တစ်ဆင့်မြှင့်ထိုးစစ်တိုးပြီး ဆက်လက်ဆင်နွှဲနေသည့်အပြင် ယခင်ရက်များကလည်း ထိုးစစ်ပြုလုပ်နေသော နေရာအချို့တွင် ပုံမှန်ထိုးစစ်များ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: