မိုင်ဝီးမြို့နယ်အတွင်း  မူးယစ်ဆေးဝါးရောင်း ဝယ်သူတစ်ဦးကို မူးယစ်ဆေးနှင့်အတူ TNLA က ဖမ်းဆီး ရမိ

Photo: TNLA
Photo: TNLA
 မိုင်ဝီးမြို့နယ်အတွင်း  မူးယစ်ဆေးဝါးရောင်း ဝယ်သူတစ်ဦးကို မူးယစ်ဆေးနှင့်အတူ TNLA က ဖမ်းဆီး ရမိ

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ PSLF/TNLA ၏ တပ်မဟာ(၃)ဒေသအတွင်း မိုင်ဝီးမြို့နယ်၊ တရုတ် မန်ပ္လါင်းကျေးရွာဖက်တတ်သည့်လမ်းခွဲတွင်  မူးယစ်ဆေးဝါးကင်းစင်ရေးစစ်ဆေးနေစဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦး ကို PSLF/TNLA ၏ အုပ်ချုပ်ရေးဌာနက မူးယစ်ဆေးနှင့် အတူဖမ်းဆီးရခဲ့သည်ဟု TNLA က ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့၏  နံနက်(၇ )နာရီဝန်းကျင်တွင် PSLF/TNLA၏ အုပ်ချုပ်ရေးဌာန အမှတ် (၄) တိုက်နယ်အဖွဲ့တို့မှ  တရုတ် မန်ပ္လါင်းကျေးရွာဖက်တတ်သည့်လမ်းခွဲတွင် ဆိုင်ကယ်တစ်စီးကို တားပြီးရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ ဆိုင်ကယ်အတွင်း မူးယစ်ဆေးဝါးများတွေ့ရှိကြောင်း သိရသည်။

သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီး သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ ဆပ်ပြာခွက်ဘိန်းဖြူ (၁၀) ခွက်နှင့် Wy စိတ်ကြွရူးသွပ်ဆေးပြား (၉) ထုတ်ကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တရားခံဖြစ်သည့် အသက် (၁၈)နှစ်အရွယ်ရှိ  မောင်ဆော်လူန်အူးကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။