TNLA စစ်ဦးစီးချုပ် သိမ်းပိုက်ထားသည့် တပ်စခန်းများကို သွားရောက်စစ်ဆေး

TNLA စစ်ဦးစီးချုပ် သိမ်းပိုက်ထားသည့် တပ်စခန်းများကို သွားရောက်စစ်ဆေး
ဒီဇင်ဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် နမ့်ခမ်းနှင့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြို့ရှိ တပ်စခန်းများကို TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်သည် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတားတပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်းစခန်းသစ် တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းသို့ လည်းကောင်း၊ နမ့်ဆန်မြို့၊ ကဒိုင်းဖူးတပ်စခန်း၊ နမ့်ဆန်မြို့တပ်စခန်း၊ နမ့်ဆန်မြို့တွင်း၊ မန်ပူးတပ်စခန်း၊ ပန်ယုတ်တပ်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ခိုမုန်းတပ်စခန်း၊ မန်တုံ ခလရ-၁၃၀ တပ်စခန်းနှင့် မန်တုံမြို့တွင်းသို့လည်းကောင်း၊ နမ္မတူမြို့ ခမရ(၃၂၄)တပ်စခန်းနှင့် နမ္မတူမြို့တွင်းလည်းကောင်း၊ ယုံမော၊ လွယ်ကန်၊ လွယ်ဟွမ်၊ ရှောက်ဟော်တပ်စခန်းနှင့် အခြားစခန်းငယ်သို့လည်းကောင်း၊ မိုင်းကျက်၊ တိန်းတန်၊ ပန်ရှော၊ ဂျာယာန်၊ ဆိုင်လျှံတပ်စခန်းနှင့် အခြားစခန်းငယ်သို့ သွားရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ တပ်စခန်းငယ် စခန်းပေါင်း (၇၃)ခုကို သိမ်းဆည်းရရှိခဲ့ပြီး၊ မြို့(၅)မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News