မိုင်းယော်ကျေးရွာကို စစ်ကောင်စီတပ်ဗုံးကြဲ အရပ်သား ၄ ဦးသေဆုံး 

မိုင်းယော်ကျေးရွာကို စစ်ကောင်စီတပ်ဗုံးကြဲ အရပ်သား ၄ ဦးသေဆုံး 
ဇန်နဝါရီ 8, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၄)ဦးသေဆုံးခဲ့ကြောင်း TNLA ထံမှ သိရသည်။

ယမန့်နေ့ည (၉)နာရီခွဲကျော်တွင် စစ်ကောင်စီတပ်မှ မိုင်းယော်ကျေးရွာသို့ တိုက်လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချရာ မိုင်းယော်ကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး (၄)ဦး ထိမှန်သေဆုံးခဲ့ကာ နေအိမ်အလုံး(၂၀) ပျက်စီးခဲ့သည်ဟု သိရသည်။ 

ယင်းနေ့တွင်ပင် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာ၊ ဆရာမ(၅)ဦး သေဆုံးပြီး အရပ်သား(၆)ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်းနှင့် နေအိမ် (၇)လုံး ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News