ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်၏ ရဲစခန်းများနှင့် စီးပွားရေးထောက်တိုင်များကို မိုင်းခွဲတိုက်ခိုက်နေဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ ထုတ်ပြန်

ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်၏ ရဲစခန်းများနှင့် စီးပွားရေးထောက်တိုင်များကို မိုင်းခွဲတိုက်ခိုက်နေဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ ထုတ်ပြန်

ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်၏ ရဲစခန်းများ၊ စီးပွားရေးထောက်တိုင်များကို မိုင်းခွဲတိုက်ခိုက်နေကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ရဲစခန်းနှင့် စီးပွားရေးထောက်တိုင်များဖြစ်သည့် ရွှေပြည်သာရဲစခန်း၊ မြောက်ဒဂုံရှိ K2 KTV၊ B3 Bar & KTV၊ Harry's Bar၊ Honey Nest Barတို့ကို ဒီဇင်ဘာလ (၁၃)ရက်နှင့် (၁၄)ရက်နေ့တို့တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည် နိုဝင်ဘာလ (၃၀)ရက်နေ့ကလည်း အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ အင်းဝဘဏ်၊ မရမ်းကုန်းမြို့ တပ်မတော် ချည်မျှင်နှင့် အထည်ချုပ်စက်ရုံ၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် လှိုင်သာယာစက်မှုဇုန် ငွေပင်လယ် ပင်လယ်ထွက် ပစ္စည်းလုပ်ငန်းတို့ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်လည်း ယနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်က အမှတ်(၂) လမ်းမကြီးကို ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။

#TachileikNewsAgency