ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို တော်လှန်ရေးတပ်များတိုက်ခိုက်

ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို တော်လှန်ရေးတပ်များတိုက်ခိုက်

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ဆင်ရေးပစ်မှတ်နေရာ (၂၀)ခုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)က တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့၊ နံနက်ပိုင်းတွင် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C) ဆုံးဖြတ်သတ်မှတ်ပေးထားသော စစ်မဟာဗျူဟာ ပစ်မှတ်များအနက်မှ တခုဖြစ်သည့်  စစ်ကောင်စီတပ်၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး၏ ကွပ်ကဲမှုဖြင့် မကွေးတိုင်း ဒရုန်းလက်ရုံးတပ်၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင် အမှတ် (၁)တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့တို့က သက်ဆိုင်ရာ စစ်ဆင်ရေး ပစ်မှတ်နေရာများသို့ တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်ခဲ့ပြီး အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ၏ ထိခိုက်ပျက်စီးမှုများကို အသေးစိတ်စုံစမ်းနေကြောင်း ကနဦး အသိပေး ထုတ်ပြန်ထားသည်။

#TachileikNewsAgency