စနိုက်ပါနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို KNLA ဘတ်တစ်သိန်းပေး

စနိုက်ပါနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို KNLA ဘတ်တစ်သိန်းပေး
စက်တင်ဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီတပ်ဖွဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၉)တပ်ရင်းမှ တပ်သားတစ်ဦး စနိုက်ပါသေနတ်တစ်လက်ဖြင့် KNLAထံ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့က အလင်းဝင်လာကြောင်း ဒူးပလာယာခရိုင် သတင်းမှန်ပြန်ကြားရေးက ယနေ့ စက်တင်ဘာလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါတပ်သားသည် အသက်(၃၃)နှစ်ရှိ စောသက်နိုင်ထွန်းဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ 338 Sniperတစ်လက်နှင့် 338 ကျည် (၅၀)တောင့်တို့ကို ယူဆောင်လာပြီး စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အား မနှစ်သက်သဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြီး အာဏာရှင်စနစ်အား တွန်းလှန်သွားမည်ဟု ဆိုသည်။ 

KNLAထံ လာရောက်ပူးပေါင်းသော အဆိုပါတပ်သားတစ်ဦးအား ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ ထိုင်းဘတ်ငွေတစ်သိန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency