ရွှေကူမြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်

ရွှေကူမြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်
အောက်တိုဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုအား KIA ပူးပေါင်းတပ်များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဗန်းမော်-ရွှေကူကားလမ်းပေါ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (၆၀၂)အထိုင်တပ်စခန်းနှင့် ခလရ ၅၆ တပ်စခန်းတို့ကို  KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းအသေးစိတ် အချက်အလက်ကို KIA ဘက်က ထုတ်ပြန်ခြင်းမရှိပါ။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး ငါးဘတ်ကြီးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရှိခဲ့သည်ဟုလည်း KPDF တပ်ဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

#TachileikNewsAgency