မန်တုံမြို့နယ်ရှိ ခိုမုန်းစစ်ကောင်စီတပ်စခန်းကို TNLA သိမ်းပိုက်

မန်တုံမြို့နယ်ရှိ ခိုမုန်းစစ်ကောင်စီတပ်စခန်းကို TNLA သိမ်းပိုက်
ဒီဇင်ဘာ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခိုမုန်းတပ်စခန်းကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့ ညနေပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ (၆၀)မမ လက်နက်ကြီးအပါအဝင်၊ ပစ္စတိုတစ်လက်၊ လက်နက်(၅)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လယ်ကြီးတပ်စခန်းကို TNLA၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

၎င်းတပ်စခန်းအတွင်းမှ စစ်ကောင်စီတပ်သား (၂)ဦး၊ ရဲ(၃)ဦး၊ (၆၀၊ ၈၀)မမ လက်နက်ကြီးအပါအဝင်၊ စစ်ကောင်စီတပ်၏ လက်နက် (၁၀)လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News