ကျောက်မဲဆေးရုံတွင် ကုသပေးနေသည့် COVID 19 အတည်ပြုလူနာ (၄)ဦးအနက် (၃)ဦး ဆေးရုံဆင်း

ကျောက်မဲဆေးရုံတွင် ကုသပေးနေသည့် COVID 19 အတည်ပြုလူနာ (၄)ဦးအနက် (၃)ဦး ဆေးရုံဆင်း
နိုဝင်ဘာ 25, 2020
By Tachileik News Agency
ကျောက်မဲဆေးရုံတွင် ကုသပေးနေသည့် COVID 19 အတည်ပြုလူနာ (၄)ဦးအနက် (၃)ဦး ဆေးရုံဆင်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေသူ (၃)ဦးမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ကုသမှုခံယူဆဲ (၁)ဦးသာ ကျန်ရှိတော့သည်။
အဆိုပါ လူနာ (၃)ဦးအနက် (၂) ဦးမှာ ရန်ကုန်ရှိ မှန်ဘီလူးစက်ရုံမှ ပြန်လာသူဖြစ်ပြီး ကျန် (၁) ဦးမှာ မြဝတီမှ ပြန်လာသူဖြစ်၍ ၎င်းတို့အားလုံးကို Quarantine Center နှစ်ခုတွင် ထားရှိကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ COVID 19 ပိုးတေ့ွရခြင်းဖြစ်သည်။
ဆေးရုံဆင်းခွင့်ရသည့် အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၂)ဦးတို့အား နမ့်ဟူးတောင်း အထက်ရွာ၊ အောက်ရွာနှင့် ပန်ပေါင်ရွာများရှိ ၎င်းတို့၏ နေအိမ်များသို့ ကျောက်မဲရှိ Five Star COVID Operation Team က  လိုက်လံပို့ဆောင်ထားပြီး ၎င်းတို့သည် နေအိမ်၌ (၇) ရက်ကြာ အသွားအလာကန့်သတ်ဆက်လက်နေထိုင်ရမည်ဖြစ်သည်။
ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ အတည်ပြုလူနာ (၁၁)ဦး တွေ့ရှိထားသည့်အနက် (၁၀)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~