ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး မိသားစုခေါ်ယူ၍ လက်နက်နှင့်အတူအလင်းဝင်

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး မိသားစုခေါ်ယူ၍ လက်နက်နှင့်အတူအလင်းဝင်

မကွေးတိုင်း ဆောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့က မိသားစုကိုခေါ်ယူကာ အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါခရိုင် အမှတ်(၃)တပ်ရင်းက ယနေ့ ဒီဇင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းရဲတပ်ကြပ်သည် ဂန့်ဂေါခရိုင် အမှတ်(၃) တပ်ရင်းထံ G3 သေနတ်တစ်လက်၊ ကျည်ဘောက်(၂)ခု၊ ကျည် (၃၃၂)တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ကို ယူဆောင်ကာ မိသားစုနှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်လာရောက်ပူးပေါင်းသည့် အဆိုပါရဲတပ်ကြပ်ကို ယူဆောင်ခဲ့သော လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေ ချီးမြှင့်ပေးသွားမည်ဟု ဆိုသည်။

ယခုအချိန်သည် အကြမ်းဖက်စစ်ကောင်စီတပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေသည့်ကာလဖြစ်၍ စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အသက်အာမခံချက်ရရှိရန် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency