စစ်ကောင်စီတပ်သားများအတွက် မိုင်းများထောင်းထားသဖြင့် တောင်ယာလုပ်ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ဟိုပင် PDF က သတိပေး မေတ္တာရပ်ခံ

စစ်ကောင်စီတပ်သားများအတွက် မိုင်းများထောင်းထားသဖြင့် တောင်ယာလုပ်ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ဟိုပင် PDF က သတိပေး မေတ္တာရပ်ခံ

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေ၍ နန့်ရင်းချောင်းတစ်ဖက်ကမ်း အရှေ့တောင်ဘက်တလျှောက်တွင် မိုင်းများထောင်ထားသဖြင့် ပြည်သူများ၊ တောင်ယာလုပ်သူများသွားရောက်ခြင်း မပြုကြရန် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ မတ်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်းဒေသတလျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် စစ်ရေး အခြေအနေ တင်းမာနေသဖြင့် မိုင်းများထောင်ထားခြင်းဖြစ်ပြီး ယနေ့မှစပြီး အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မိ အချိန်ထိ မည်သည့် အကြောင်းကြောင့်ဖြင့်မျှ လာရောက်ခြင်းမပြုကြရန်နှင့် လာရောက်ါက ဖြစ်ပေါ်လာသည့် မည်သည့်အကြောင်းအရာကိုမှ တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

မတ်လ(၁၉)ရက်နေ့ကစတင်ပြီး နန့်ရင်းချောင်းအနီး၊ နန့်မြန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ကား(၄)စီ   နှင့် စစ်ကြောင်းထိုးလာသဖြင့် နန့်ရင်းချောင်းအနီးတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ် ကြောင်း သိရသည်။

ဟိုပင်မြို့သည် မိုးညှင်း-မိုးကောင်း ကားလမ်းမပေါ်တွင်ရှိကာ နန့်ရင်းချောင်းသည် ဟိုပင်မြို့နှင့် (၂)မိုင်ဝန်းကျင်‌ဝေးကြောင်း သိရသည်။