မန္တလေးမြို့ပေါ်ရှိ ယာဉ်ထိန်းရဲကင်းတဲနှင့် CCTV Server ကို ဒေသတွင်း မဟာမိတ်(၃)ဖွဲ့က ဖောက်ခွဲ

မန္တလေးမြို့ပေါ်ရှိ ယာဉ်ထိန်းရဲကင်းတဲနှင့် CCTV Server ကို ဒေသတွင်း မဟာမိတ်(၃)ဖွဲ့က ဖောက်ခွဲ

မန္တလေး (၇၈)လမ်း၊ (၃၈)လမ်း‌ထောင့်ရှိ ယာဉ်ထိန်းရဲကင်းတဲနှင့် CCTV Server ကို ယနေ့မတ်လ(၄)ရက်၊ ည(၇)နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့‌ကြောင်း Guerilla Force Mandalay ကထုတ်ပြန်သည်။

တော်လှန်ရေးရဲဘော်များအား အဓိကဒုက္ခပေးနေသည့် ယင်း CCTV များကို အဓိကထား ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူထိခိုက်မှုမရှိဟု ထုတ်ပြန်သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာမှာ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် မန္တလေးတက္ကသိုလ်အနီး၌ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို မဟာမိတ်ညီကို (၃)ဖွဲ့ဖြစ်သော Mandalay Ranger Force၊ Guerilla Force Mandalay နှင့် အမရကြယ်စင် PDF တို့ (၃) ဖွဲ့ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။