လားရှိုးမြို့နယ် လုံတွေရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ဦသေဆုံး

လားရှိုးမြို့နယ် လုံတွေရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ဦသေဆုံး
ဒီဇင်ဘာ 3, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်က ‌ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းတွင် ပေါင် (၅၀၀)ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၂)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နေအိမ်(၉)လုံးကျော် ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပန်သပြေအုပ်စု၊ လုံတွေကျေးရွာကို ပေါင် (၅၀၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သား အမျိုးသမီး(၂)ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ (၁)ရက်နေ့ကလည်း နမ့်ခမ်းမြို့တွင်းရှိ နောင်စန့်ရပ်ကွက်နှင့် ကောင်းနောင်မိုရပ်ကွက်ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခြင်းကြောင့် ဘုန်းကြီးကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး‌ သေဆုံးကာ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးကြဲခံရခြင်းကြောင့် ‌ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၂)လုံး ပျက်စီးခဲ့ရပြီး နေအိမ်အလုံး (၃၀)မှာ ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်မှ အရပ်သား လူထုအပေါ် ပေါင်(၅၀၀) ဗုံးအပြင် Cluster Bomb အမျိုးအစားကဲ့သို့သော လက်နက်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း သိရသည်။

#TachileikNewsAgency