ဒီးမော့ဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းတွင် အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ဘေးရှောင် ပြည်သူ (၂)ဦး ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းတွင် အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ဘေးရှောင် ပြည်သူ (၂)ဦး ဒဏ်ရာရ
ဇန်နဝါရီ 20, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းကို  အာဏာသိမ်းစစ်အုပ်စု၏ တပ်က   ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့၏ နေ့လည်ပိုင်းတွင် လက်နက်ကြီး (၈)လုံးခန့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံများ ထိမှန်ဒဏ် ရာရရှိခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)၏ ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည်  ဒေါသငူးကျေးရွာကို ကျရောက်ပြီး စစ် ဘေး ရှောင်နေသော အသက်(၅၀)နှစ်အရွယ် အမျိုးသမီး(၁)ဦးနှင့် အသက်(၄၆)နှစ်အရွယ် ဒေသခံအမျိုး သား(၁)ဦး တို့ကို ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု   သိရသည်။

ထို့အပြင် လက်နက်ကြီးကြောင့် နေအိမ်(၁)လုံး ထိမှန်ပျက်စီးခဲ့ပြီး အိမ မွေးတိရိစ္ဆာန်များလည်း ထိမှန် သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

ဒေါငံခါးရပ်ကွက်တွင် အာဏာသိမ်းစစ်အုပ်စုများ သွားလာနိုင်သည့် လမ်းကြောင်းပေါ်သို့ ဒီးမော့ဆို PDF က ထောင်ထားရာ မိုင်းအချို့ကို အာဏာသိမ်းစစ်အုပ်က ယနေ့ နံနက်ပိုင်းတွင် နင်းမိ၍ ထိ ခိုက်ဒဏ်ရာရရှိမှုများရှိသွားသဖြင့် ယင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒီးမော့ဆို မြို့နယ်အတွင်း   နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုကြောင့်  ဒေသခံများ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် သေဆုံးမှုရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်းရှိသည်ဟု သိရသည်။

 

 

Photo: DMO-Local PDF