မိုးညိုမြို့နယ်တွင် ငါတို့လာပြီ ၁၀၂၇  စာတန်းလာရောက်ဖြုတ်သည့် စစ်ကောင်စီတပ် မိုင်းခွဲခံရ 

မိုးညိုမြို့နယ်တွင် ငါတို့လာပြီ ၁၀၂၇  စာတန်းလာရောက်ဖြုတ်သည့် စစ်ကောင်စီတပ် မိုင်းခွဲခံရ 

ပဲခူးတိုင်း၊ မိုးညိုမြို့နယ် ရေကင်းရဲစခန်းအပိုင် ပတ်တော်ရဲကင်းအနီး လမ်းမပေါ်တွင် ငါတို့လာပြီ ၁၀၂၇ဟု ရေးသားထားသော စာတန်းအား လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ငါတို့လာပြီ ၁၀၂၇ဟု ရေးသားထားသော စာတန်းအား လာရောက်စစ်ဆေးသည့် အင်အား (၃၀)ဦးခန့်ပါ စစ်ကောင်စီတပ်ကို မိုးညိုမြို့နယ်ပကဖနှင့် သာယာဝတီခရိုင် ပကဖတို့ ပူးပေါင်း၍ ပဒေသာမိုင်း (၄)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါဖောက်ခွဲတိုက်ခိုက်မှု‌‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး ဒဏ်ရာရပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မိုးညိုမြို့နယ် ပကဖအနေဖြင့် မဟာမိတ်ဒေသကာကွယ်ရေး ရဲဘော်များနှင့်ပူးပေါင်းကာ ပိုမိုပြင်းထန်သော စစ်ဆင်ရေးများကို ဆက်လက်ဆင်နွှဲသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency