ကင်းမွန်းချောင်းရဲစခန်းမှ စခန်းမှူးအပါဝင် (၄)ဦး ထွက်ပြေး

ကင်းမွန်းချောင်းရဲစခန်းမှ စခန်းမှူးအပါဝင် (၄)ဦး ထွက်ပြေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းရဲစခန်းမှ စခန်းမှူးအပါအဝင် (၄)ဦး ၂၀၂၃ခုနှစ် ဇွန်လ(၂၂)ရက်နေ့က ထွက်ပြေးသွားသဖြင့် စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေနေသည်ဟု သိရသည်။



ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီတပ်က ကျိုက်ထို-ဘီးလင်းနယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို ပိတ်ဆို့ရှာဖွေနေသည်ဟုသတင်းထွက်ပေါ်လာပြီးနောက် ယနေ့ဇွန်လ(၂၃)ရက်နေ့တွင်မူ စခန်းမှူးအပါအဝင်(၄)ဦးထွက်ပြေးခြင်းဖြစ်ကြောင်း Kyaikhto Information Team ကဖော်ပြထားသည်။



ဇွန်လ(၂၂)ရက်နေ့က ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင်သည် နေ့စဥ် ပုံမှန်တန်းစီချိန်တွင် လာရောက်ခြင်းမရှိသောကြောင့် နယ်ထိန်း အရာရှိ ဒုရဲအုပ် ဝင်းကိုကို က ၎င်းနေထိုင်သည့် နေအိမ်လိုင်းခန်းကို သွားရောက် ရှာဖွေစဥ် နေအိမ်လိုင်းခန်းအတွင်း ၎င်းကိုင်ဆောင်သည့် သေနတ်(၃၈)ဗို့ ခလပ တစ်လက်၊ ကျည် (၁၂)တောင့်တို့ကို ထားခဲ့ကာ ထွက်ပြေးသွားသည်ဟု ဆိုသည်။



အဆိုပါ ထွက်ပြေး တိမ်းရှောင်သွားသူများကို လိုက်လံရှာဖွေလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်း စစ်ဆေးရေးစခန်းနှင့် မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်တို့ကို ပိတ်ဆို့ရှာဖွေနေသည်ဟု သိရသည်။



#TachileikNewsAgency