လက်နက်ချအညံ့ခံခဲ့သည့် ကုန်းကြမ်း လခရ(၁၂၅)တပ်ရင်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို MNDAA ထပ်မံတိုက်ခိုက်ရာ အများအပြားသေပြီး လက်နက်ခဲယမ်းများရရှိ

လက်နက်ချအညံ့ခံခဲ့သည့် ကုန်းကြမ်း လခရ(၁၂၅)တပ်ရင်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို MNDAA ထပ်မံတိုက်ခိုက်ရာ အများအပြားသေပြီး လက်နက်ခဲယမ်းများရရှိ
ဒီဇင်ဘာ 3, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်၏ ကုန်းကြမ်းစခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ကို MNDAAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြားသေပြီး လက်နက်ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကုန်းကြမ်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၁၂၅)၊ စကခ(၁၂၊ ၁၆)မှ တပ်ဖွဲ့ဝင်အချို့မှာ လက်နက်ချအလင်းဝင်လာပြီးနောက် စကခ(၁၆)မှူးအပါအဝင် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် MNDAAက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့ကစတင်ပြီး လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၁၀၀)နီးပါးခန့် သေဆုံးကြောင်း သိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား (၂၈၀)ကျော်မှာ ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု၊ ဝကြည်ကျိုင့်ရွာနှင့် စူကြာကျိုင့်ရွာကြားရှိ တောင်ကုန်းအောက်ခြေတွင် ပုန်းအောင်းနေရာ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် MNDAAက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁)ရက်နေ့တွင် MNDAAက ၎င်းနေရာအား နယ်မြေရှင်းလင်းခဲ့စဉ် စစ်ကောင်စီတပ်သား အလောင်း(၂၀)လောင်း တွေ့ရှိပြီး ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း(၇၀)နှင့် စစ်သုံ့ပန်း (၄)ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ 

ထို့အပြင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိ‌သော ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးများ

လည်းပါရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : The Kokang