ပွေးကျစ်နယ်မြေရဲစခန်းကို PDFက ဝင်ရောက်စီးနင်းပြီး လက်နက်များ သိမ်းယူကာ ဖမ်းမိသည့် အမျိုးသမီးနှင့် ကလေးများကို ရန်မမူဘဲ ပြန်လွှတ်ပေးခဲ့

ပွေးကျစ်နယ်မြေရဲစခန်းကို PDFက ဝင်ရောက်စီးနင်းပြီး လက်နက်များ သိမ်းယူကာ ဖမ်းမိသည့် အမျိုးသမီးနှင့် ကလေးများကို ရန်မမူဘဲ ပြန်လွှတ်ပေးခဲ့

 မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်နယ်မြေရဲစခန်းကို ၂၀၂၃ခုနှစ်၊ မေလ (၂)ရက်နေ့က ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ရဲ (၂)ဦးသေပြီး ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပွေးကျစ်နယ်မြေရဲစခန်းတွင် ရဲအင်အား (၁၃) ဦးခန့်သာရှိပြီး (၈)ဦးမှာ တရားရုံးသွားနေချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် ရဲစခန်းအတွင်းရှိ ရဲမိသားစုဝင် အမျိုးသမီးနှင့် ကလေးများကို လွှတ်ပေးခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ မေလ(၃)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထို့နောက် ပွေးကျစ်နယ်မြေရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်တိုက်ကို ဖွင့်ကာ G-4 (၁) လက်၊ G-3 (၂) လက်၊ အူစီ (၁) လက်၊ ခြောက်လုံးပူး (၄) လက်၊ လက်ပစ်ဗုံး (၈) လုံး၊ ရုံးသုံး Laptop (၁) လုံး၊ ကျင်စက် (၂) ခု၊ လက်ထိတ် (၁) ခုနှင့် ကျည် (၉၃၅) တောင့်ကို သိမ်းဆည်းယူခဲ့ကြောင်း သိရသည်။

ပွေးကျစ်နယ်မြေရဲစခန်းတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF) မြင်းခြံခရိုင် တပ်ရင်းအမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDF နှင့် Burmese Guerrilla Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။