ပန်ဆိုင်းမြို့တွင် MNDAA အုပ်ချုပ်ရေးစတင်

ပန်ဆိုင်းမြို့တွင် MNDAA အုပ်ချုပ်ရေးစတင်
နိုဝင်ဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်‌မြောက်ပိုင်း မိုင်းပေါ်ဒေသ ပန်ဆိုင်းမြို့တွင် MNDAAက အုပ်ချုပ်မှုယန္တရားကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့ကစတင်ကာ ပြန်လည်ထူထောင်ခဲ့ပြီဟု သိရသည်။

ပန်ဆိုင်းမြို့အုပ်ချုပ်‌ရေးအဖွဲ့  ပြန်လည်ဖွဲ့စည်းထူထောင်ရေးအစည်းအဝေးကို အုပ်ချုပ်ရေးရုံးတွင် ယင်းနေ့က ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် မုံးကိုးခရိုင်ပါတီကော်မတီဥက္ကဌ၊ ဒု-ခရိုင်မှူး၊MNDAA နိုင်ငံရေးဌာနမှ ဒု-ဗိုလ်မှူးကြီးအဆင့် နိုင်ငံရေးမှူး၊ မိုင်းပေါ်ဒေသ ပါတီကော်မတီဥက္ကဌ၊ ဒု-ယာယီ ဒေသအုပ်ချုပ်ရေးမှူး၊ ပန်ဆိုင်းမြို့ ဒု-ယာယီမြို့နယ်မှူးနှင့် ပန်ဆိုင်းမြို့ရပ်ကွက်မှူးအသီးသီးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

အစည်းအဝေးတွင် ခရိုင်ပါတီကော်မတီဥက္ကဌက ပန်ဆိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းထူထောင်လိုက်ကြောင်း ကြေညာပြီး  သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ရာထူးခန့်အပ်မှုနှင့် တာဝန်ခွဲဝေမှုများကို ညွှန်ကြားခဲ့သည်ဟု သိရသည်။

ပြည်သူများကို ဂရုပြုစည်းရုံးကြရန်၊ လူမှုစည်းမျဉ်းစည်းကမ်းများ ပြန်လည်ထူထောင်ကြရန်၊ ပြည်သူများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေရန်နှင့် ထုတ်လုပ်မှုများ၊ စာသင်ကျောင်းများ ပြန်လည်စတင်ပြီး ကလေးသူငယ်များကို စာသင်ကျောင်းသို့ အမြန်ဆုံး ပြန်ရောက်စေရန် ခရိုင်ပါတီကော်မတီဥက္ကဌက ပြောကြောင်း MNDAAက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ပန်ဆိုင်းနယ်စပ်ဂိတ်ကို မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : The Kokang