ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ဇူလိုင် 4, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ နံနက်ပိုင်းက (၃)ကြိမ်လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ အဆိုပါ စစ်ဘေးရှောင်စခန်းကို ယနေ့ ဇူလိုင်လ (၄)ရက်နေ့ နံနက်(၂) နာရီ‌ကျော်တွင် တိုက်လေယာဉ်ဖြင့် (၃)ကြိမ်လာရောက် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲခံရမှုကြောင့် စစ်ဘေးရှောင်များ စာသင်ကြားနေသော စာသင်ကျောင်းနှင့် စစ်ဘေးရှောင်များနေထိုင်ရာ တဲအချို့ ပျက်စီးခဲ့ပြီး စစ်ရှောင်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို PDF(၁၁၀၂)ထံမှ သိရသည်။

#TachileikNewsAgency

Photo : Demawso PDF-1102