မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA ယနေ့ထပ်သိမ်း

မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA ယနေ့ထပ်သိမ်း
နိုဝင်ဘာ 3, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီတပ်ဖွဲ့၏ ခွန်ခါတပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းမှ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း TNLAထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းတွင် TNLAသည် နောင်ချို၊ မန်တုံ၊ နမ့်ခမ်းမြို့တို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်း (၄)ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLAက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် (၄)လက်၊ ၆၀ မမ ဗုံးသီး (၃၀)လုံး၊ RPG အသီး (၈)လုံး၊ လက်ပစ်ဗုံး (၅၀)လုံး၊ ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် (၃)ကြိမ် လာရောက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် မန်တုံမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကိုလည်း TNLAက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မန်တုံမြို့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များ အထိုင်ချနေသည့်  စခန်းတစ်ခုကိုလည်း TNLAက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အပြင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ကွန်ခါတပ်စခန်းကို ယနေ့နံနက်ပိုင်းတွင်ပင် TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : News & Information Department