နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း စခန်းချနေသည့် စစ်ကောင်စီတပ်ကို TNLA တိုက်ခိုက်ရှင်းလင်းရာ လက်နက်ခဲယမ်းများစွာရရှိ

နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း စခန်းချနေသည့် စစ်ကောင်စီတပ်ကို TNLA တိုက်ခိုက်ရှင်းလင်းရာ လက်နက်ခဲယမ်းများစွာရရှိ
နိုဝင်ဘာ 7, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း စခန်းချနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စခန်းချနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို TNLAက ယမန်နေ့ ညပိုင်းမှစတင်ကာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့ထံမှ လက်နက်မျိုးစုံ (၂၈)လက်၊ ပစ္စတို(၁)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

TNLAတပ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၄)ရက်နေ့ကစတင်ကာ နမ့်ခမ်းမြို့တွင်းရှိ စစ်ကောင်စီ၏ တရားရုံး၊ ရဲစခန်း၊ ထွေအုပ်ရုံးများကို သိမ်းပိုက်ထားခဲ့ပြီးနောက် မြို့တွင်း၌ တပ်ဖွဲ့များကို အထိုင်ချထားနိုင်ခဲ့ကာ စစ်ကောင်စီတပ်၏ စခန်းကြီးတစ်ခုကျန်ရှိနေသေးသဖြင့် မြို့အားထိန်းချုပ်ထားနိုင်သည့်အခြေအနေသာရှိသေးသည်ဟု သိရသည်။

#TachileikNewsAgency

Photo : News & Information Department