လားရှိုးမြို့တွင် လူ(၂)ဦးအား ဓါးဖြင့် ခုတ်သွားသူများကို ဖမ်းဆီးရမိ

လားရှိုးမြို့တွင် လူ(၂)ဦးအား ဓါးဖြင့် ခုတ်သွားသူများကို ဖမ်းဆီးရမိ
စက်တင်ဘာ 21, 2020
By Tachileik News Agency
လားရှိုးမြို့တွင် လူ(၂)ဦးအား ဓါးဖြင့် ခုတ်သွားသူများကို ဖမ်းဆီးရမိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့၊ ရပ်ကွက် (၅)ရှိ ရေကန်တောင်လမ်းတွင် စက်တင်ဘာ (၂၀)ရက်နေ့ ညပိုင်းက အမျိုးသား (၂)ဦးအား ဓါးဖြင့်ခုတ်သွားသည့်ဖြစ်စဥ်မှ ကျူးလွန်သူ (၃)ဦးကို စက်တင်ဘာ (၂၁)ရက်နေ့တွင်  လားရှိုးမြို့မရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ရှိ ရေကန်တောင်၏ အဆင်းလမ်း မုခ်ဦးအနီးတွင် အမျိုးသား (၂)ဦး စီးလာသည့် ဆိုင်ကယ်အား အမည်မသိ လူ (၃)ဦးက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၂၀)ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်က တား၍ ဓါးဖြင့်ခုတ်ခဲ့သဖြင့် ခုတ်ခံရသူ (၂)ဦး ( တစ်ဦးစိုးရိမ်ရ)တို့၌ ဓါးဒဏ်ရာများ ရရှိခဲ့သဖြင့် လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ရပ်အား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ဓါးဖြင့်ခုတ်သူမှာ ရပ်ကွက် (၁၀)၊ နယ်မြေ (၁)တွင် နေထိုင်သူ စိုင်းဟန်လျန်မိန်း(ခ) အိုက်ပီး ဖြစ်ကြောင်း သိရှိရသဖြင့် စက်တင်ဘာ (၂၁)ရက်တွင် ၎င်း၏နေအိမ်သို့ သွားရောက် ဖမ်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ရဲတပ်ဖွဲ့၏ စစ်မေးချက်အရ စိုင်းဟန်လျန်မိန်း( ခ) အိုက်ပီးသည်  စက်တင်ဘာ (၂၀)ရက်နေ့က Online Game ဆော့ကစားနေစဥ် Facebook Messager မှ စိုင်းလင်းပန် ဆိုသူက ဝင်ရောက်ဆဲဆိုနေသဖြင့် Online Game မှာ ရှုံးသွားခဲ့သည့်အတွက် သူငယ်ချင်း (၂)ဦးဖြစ်သည့် ရဲမင်းနိုင် နှင့် လှဝင်း တို့ကို ခေါ်ဆောင်ကာ စိုင်းလင်းပန်အား လိုက်လံရှာဖွေခဲ့ပြီး ရေကန်တောင် အဆင်းလမ်း၌ စိုင်းလင်းပန်နှင့် အတူဆိုင်ကယ်စီးလာသူကို တား၍ ဆိုင်ကယ်ရပ်စေခဲ့သည်ဟု သိရသည်။
ဆိုင်ကယ်ရပ်ထားစဥ် ရဲမင်းနိုင်က လက်ထဲတွင် ကိုင်လာသော အရိုး အသွား (၂၁)လက်မ ခန့်ရှိသည့် ဓါးဖြင့်ခုတ်ပြီး အခင်းဖြစ်နေရာအနီး၌ ဓါးကိုလွှင့်ပစ်ခဲ့ကာ ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ရဲတပ်ဖွဲ့က စုံစမ်းပြီးနောက် လာရောက် ဖမ်းဆီးသည့်အခါ ရဲမင်းနိုင်နှင့် လှဝင်းတို့၏ နေအိမ်များကို ပြသပေးခဲ့သည့်အတွက် ဓါးခုတ်မှု၌ ပါဝင်သူ အမျိုးသား (၃)ဦး ဖြစ်သည့် စိုင်းဟန်လျန်မိန်း၊ ရဲမင်းနိုင် နှင့် လှဝင်း တို့အား လားရှိုးမြို့မ ရဲစခန်းတွင် (ပ) ၄၈၄/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
 Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~