မြိုင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ခတ်ရာ သေနတ်နှစ်လက်ရ 

မြိုင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ခတ်ရာ သေနတ်နှစ်လက်ရ 

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့ ညပိုင်းတွင် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား(၃)ဦးသေဆုံးပြီး လက်နက် (၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မြို့ပတ်လမ်းသို့ ဆိုင်ကယ်နှစ်စီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သား(၃)ဦးကို Myaing Villages Revolution Frontနှင့် ပူးပေါင်းတပ်ဖွဲ့များက ကင်းပုန်းဝပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခြင်းကြောင့် စစ်ကောင်စီတပ်သားများစီးလာသည့် ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးသွားပြီး လက်နက်(၂)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း Myaing Villages Revolution Frontထံမှ သိရသည်။

#TachileikNewsAgency

Photo :Myaing Villages Revolution Front