မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ဒေသကာကွယ်ရေးတပ်များက တပြိုင်တည်း Drone ဗုံးဖြင့် အလုံး(၅၀) ကြဲချ

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ဒေသကာကွယ်ရေးတပ်များက တပြိုင်တည်း Drone ဗုံးဖြင့် အလုံး(၅၀) ကြဲချ
ဖေဖော်ဝါရီ 2, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ  စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ဒေသကာကွယ်ရေးတပ်များက   ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဒုံးအလုံး(၅၀)ဖြင့် တပြိုက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ က ယနေ့ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

ဒေသကာကွယ်ရေးအဖွဲ့ပေါင်း (၂၀)ပူးပေါင်းကာ စစ်တပ်အာဏာသိမ်းထားမှု (၃)နှစ်ပြည့်ကို ဆန့်ကျင်သည့်အနေဖြင့်  တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ဗိုလ်မိုးသီး၊ နေမင်း၊ နှလုံးလှလူမိုက်၊ MPL တိုက်နယ်(၄)ပကဖ၊ MVRF၊ အညာဒေါင်း၊ အညာမုန်တိုင်း၊ Gen  21 Mying  fighter  Eagle  Brigace၊ ဉီးလေကြီး၊ အမေ့သား၊ ထိရှ၊ မိုင်းတထောင်ဗိုလ်ပြောင်၊ မောင်ကင်း၊ မောင်ရိူင်း၊ ဂိတ်ဆုံး၊ ဒေါင်းလံလွင့်မည့်စေတမန်၊ သူရိန်၊ ဘငြိမ်းပြောက်ကျား နှင့်  Fighter  မြွေဆိုးတို့  ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ(၃၁)ရက်နေ့ကလည်း  မြိုင် ပကဖ ၊ သူရိန် ၊ ကိုလင်းမြွေ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး မြိုင်မြို့မရဲစခန်းကို ဗုံးသီး (၃)လုံး၊ စီမံကိန်းရုံးကို ဗုံးသီး(၁၄)လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။