TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်နှင့် ကွတ်ခိုင် ‌ဒေသခံများ တွေ့ဆုံ

TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်နှင့် ကွတ်ခိုင် ‌ဒေသခံများ တွေ့ဆုံ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန် ဦး‌ဆောင်သည့်အဖွဲ့များသည် ၂၀၂၃ ခုနှစ် ဇွန်လ (၁၆)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။



တွေဆုံပွဲတွင် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဟိုပလန်မှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ PSLF/TNLA ၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ တအာင်းလူမျိုးများအကြား ပဋိပက္ခကိုရှောင်ရှားပြီး အချင်းချင်းစည်းလုံးသင့်ကြောင်းနှင့် လက်ရှိနိုင်ငံရေးအကြပ်အတည်းကြားတွင် စိတ်ဓာတ်ကျဆင်းမှုမရှိစေရန်နှင့် စိတ်ဓာတ်မြှင့်တင်ထားရန် ပြောကြားခဲ့သည်ဟု သိရသည်။



တွေ့ဆုံပွဲအခမ်းအနားကို ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာတွင်ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်နှင့်အဖွဲ့၊ တပ်မဟာ(၅) တပ်မဟာမှူးနှင့်အဖွဲ့၊ သံလွင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့် ကွတ်ခိုင်မြို့နယ်ရှိ ဒေသခံပြည်သူလူထု စုစုပေါင်း လူဦးရေ (၆၀၀)နီးပါး တက်ရောက်ခဲ့ကြသည်ဟု TNLA က ယနေ့ ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။



#TachileikNewsAgency

Photo : News & Information Department