ပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များ ပစ်ခတ်

ပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များ ပစ်ခတ်
အောက်တိုဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF ထံမှ သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့်စခန်းအနီးသို့ ချဉ်းကပ်၍ PDF တပ်ဖွဲ့များက စနိုက်က်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်သေဆုံးနိုင်သည်ဟုဆိုသည်။

ထို့အပြင် အောက်တိုဘာလ (၁)ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ပခုက္ကူခရိုင်ရှိ ပခုက္ကူနည်းပညာတက္ကသိုလ် GTC ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို PDF မဟာမိတ် ပူးပေါင်းတပ်များက ချဉ်းကပ်ဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolution Group(YRG) ဒေါင်းစစ်သည် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က (၄၀)မမ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency