ကရင်နီပြည်ကို ဗုံးကြဲပြီးအပြန် ပျက်ကျသွားသည့် တိုက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးရမိ 

ကရင်နီပြည်ကို ဗုံးကြဲပြီးအပြန် ပျက်ကျသွားသည့် တိုက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးရမိ 
နိုဝင်ဘာ 20, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်ကို လေကြောင်းမှဗုံးကြဲကာ သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်၏ လေယာဉ်မှူးတစ်ဦးကို ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။

ယခုဖမ်းဆီးရမိသူမှာ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့က ကရင်နီပြည်နယ်သို့ လေကြောင်းမှ ဗုံးကြဲပြီးအပြန် ပစ်ချခံရကာ ပျက်ကျသွားသည့်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် လေယာဉ်မှူးမှာ အသက်(၄၃)နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးဆိုသူဖြစ်ပြီး ၎င်းအား ကရင်နီနယ်စပ် တန်ကလူးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျက်ကျခဲ့သည့်လေယာဉ်မှာ K-8 အမျိုးအစား တိုက်လေယာဉ်ဖြစ်ပြီး လွတ်မြောက်နေဆဲလေယာဉ်မှူးမှာ  ဗိုလ်အဆင့်ရှိသူ ဇာနည်မောင် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်မတော် (KA)၊ နေပြည်တော် PDFနှင့် KNDFတို့မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency