ဒီးမော့ဆိုမြို့နယ်အတွင်း အလောင်းကောက် မနိုင်တော့သည့် ထားရစ်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ အလောင်း(၂)လောင်းကို KNDF က လူသားချင်းစာနာမှုဖြင့် မီးရှို့ သင်္ဂြိုလ်ပေး

Photo: KNDF BO 9
Photo: KNDF BO 9
ဒီးမော့ဆိုမြို့နယ်အတွင်း အလောင်းကောက် မနိုင်တော့သည့် ထားရစ်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ အလောင်း(၂)လောင်းကို KNDF က လူသားချင်းစာနာမှုဖြင့် မီးရှို့ သင်္ဂြိုလ်ပေး
ဇန်နဝါရီ 10, 2022 | ကယား

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ယမန်နေ့များက တိုက်ပွဲများပြင်းထန်ခဲ့သည့်နယ်မြေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် KNDF BO 9 က နယ်မြေရှင်းလင်းမှုလုပ်ရာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင် (၂)ယောက်၏ အလောင်းနှင့် ခဲယမ်းအချို့ကို  တွေ့ရသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင် (၂) ဦး၏ အလောင်းကို လူသားချင်းစာနာမှုဖြင့် မီးရှို့သင်္ဂြိုလ်ပေးထားကြောင်း သတင်းထုတ်ပြန်လာသည်။

ယမန်နေ့က ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲပြင်းထန်ပြီး အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်လာ၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး လေကြောင်းပစ် အကာအကွယ်ဖြင့် အလောင်းကောက်သွားကြသော်လည်း အလောင်းကောက်မနိုင်တော့၍ ကျန်ရစ်ခဲ့သည့် အလောင်း(၂)လောင်းကိုယနေ့ နယ်မြေရှင်းလင်းရာတွင် ထပ်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယမန်နေ့ကလည်း တိုက်ပွဲအပြီးတွင် အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိလိုက်ပြီး ယနေ့တွင်လည်း ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခြင်းဖြစ်ကြောင်းသိရသည်။