PDF နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့သို့ လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်က တာဝေးပစ်အမြောက်များဖြင့် ဆက်တိုက် လှမ်းပစ်နေ

PDF နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့သို့ လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်က တာဝေးပစ်အမြောက်များဖြင့် ဆက်တိုက် လှမ်းပစ်နေ
မေ 31, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့နယ်ဖက်သို့  လွိုင်ကော်မြို့အခြေစိုက် အမြောက်တပ်က ၂၀၂၁ ခုနှစ်၊ မေလ (၃၁)ရက်နေ့ နေ့လယ်ပိုင်းမှစ၍  တာဝေးပစ်အမြောက်များဖြင့် ညနေ(၅)နာရီအထိ (၁၉)လုံး ဆက်တိုက်ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျောက်ဆည်ကန်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များ(PDF)နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေရာ လွိုင်ကော်အခြေစိုက် အမြောက်တပ်က တာဝေးဖြင့်အမြောက်များဖြင့် ပစ်ကူတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အသံက တော်တော်ကျယ်ပြီး အကုန်လန့်နေကြတယ်။ သူတို့ ပစ်တာကို အကုန်လှမ်းမြင်နေရတယ်။ မီးခိုးတန်းတွေကို မြင်နေရတယ်။ ဒီးမော့ဆို ဖက်ကို လှမ်းပစ်နေတာ

ဟု လွိုင်ကော်မြို့ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ (၃၁)ရက်နေ့ နေ့လည် (၁)နာရီကျော်မှစ၍ လွိုင်ကော်မြို့ ၊ လွယ်တမူကျေးရွာအနီးရှိ အမြောက်တပ်ရင်းဖက်မှ တာဝေးပစ် အမြောက်များကို ဒီးမော့ဆိုဖက်သို့ ဆက်တိုက်ပစ်ခက်နေခြင်းဖြစ်ပြီး ညနေ (၅)ရီအချိန်ထိ (၁၉)လုံးတိတိ ပစ်ခတ်ထားပြီဖြစ်ကြောင်းသိရသည်။ 

မေလ (၃၁)ရက်နေ့ နေ့လည် (၁၂)ခွဲ အချိန်မှစ၍ ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာနှင့်  ဘုရားငုတ်တိုကျေးရွာအနီးရှိ ကျောက်ဆည်ကန်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုများကို အတည်ပြု၍ မရသေးကြောင်းသိရသည်။

Photo: CJ