ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ZZLMS ညီနောင်အဖွဲ့ထံမှ သိရသည်။

ဂန့်ဂေါမြို့နယ် မြစ်သာ၊ ပျဉ်သာဆည်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၄)ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကာ CDF မင်းတပ်မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ZZLMS ညီနောင်အဖွဲ့များ၊ CDF မင်းတပ်၊ CNDF၊ CDF-KKG၊ ဂန့်ဂေါခရိုင် PDF၊ Unbroken Generationနှင့် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency