ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားများ တိမ်းမှောက်ပြီး တစ်ဦးသေကာ ၄ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားများ တိမ်းမှောက်ပြီး တစ်ဦးသေကာ ၄ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့တို့တွင် ဆီဘောက်ဆာကားနှစ်စီး တိမ်းမှောက်ခဲ့ရာ တစ်စီးမီးလောင်ပျက်စီးပြီး ယာဉ်မောင်းတစ်ဦး သေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့ နံနက်ပိုင်းက ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ကာ ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

ပြွန်တန်ဆာမြို့၊ မြိုမ(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၇၆/၄)နှင့် (၇၆/၅)ကြားတွင် ဆီဘောက်ဆာယာဉ်သည် မျက်နှာချင်းဆိုင်မောင်းနှင်လာသော ဆိုင်ကယ်အားရှောင်ရာမှ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ စေတနာပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် ပြွန်တန်ဆာ ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ရသည်ဟု သိရသည်။ 

ထို့အပြင် မန္တလေးတိုင်း ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂၉၀/၇)ဖာလုံတွင် ရန်ကုန်သီလဝါဆိပ်ကမ်းမှ မန္တလေးသို့လာသည့် ဂါလံ(၈၀၀၀)ဆံ့ ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့ ထွက်လာသည့်တွဲကားတို့ ဩဂုတ်လ (၂၆)ရက်နေ့ ညပိုင်းက တိုက်မိပြီး ဆီဘောက်ဆာယာဉ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်မောင်း အမျိုးသားနှင့် ယာဉ်နောက်လိုက်အမျိုးသားတို့ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး တွဲကားပေါရှိ အမျိုးသမီးဦးလည်း ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့