စစ်ကောင်စီတပ်စခန်း နှစ်ခုကို TNLA ယနေ့ထပ်သိမ်း

စစ်ကောင်စီတပ်စခန်း နှစ်ခုကို TNLA ယနေ့ထပ်သိမ်း
နိုဝင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ဖတ်ကာ အဝင်နှင့် မိုင်းယု-နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် ‌နိုဝင်ဘာလ (၁)ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း သတင်းထုတ်ပြန် သည်။

နမ့်ခမ်းမြို့နယ် မူဆယ်-နမ့်ခမ်းမြို့အဝင်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မန်ခမ်းတပ်စခန်းကို ယနေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီး မိုင်းယု-နမ့်ဖတ်ကာကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရင်ကွဲတောင် တပ်စခန်းကိုလည်း ယနေ့ နေ့လယ်ပိုင်းက သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နောင်ချိုမြို့နယ်တွင်လည်း စစ်ကား (၂၂)စီးဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် အုမ္မခါးဘက်၌ ယနေ့ ညနေပိုင်းတွင် တိုက်ပွဲစတင်ပြင်းထန်နေသည်ဟု သိရသည်။

မဟာမိတ်တပ်များက အောက်တိုဘာလ (၂၇)ရက်နေ့က စတင်ကာ ၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက် (၅)ရက်အတွင်း အောက်တိုဘာလ (၃၁)ရက်နေ့အထိ စစ်ကောင်စီတပ်စခန်း (၈၇)ခုနှင့် မြို့ (၃)မြို့ကို ထိန်းချုပ်ထားကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency