တောင်ဥက္ကလာပ မြို့မရဲစခန်းတွင် ရဲတပ်သားက စခန်းမှူးအား ပစ်ခတ်

တောင်ဥက္ကလာပ မြို့မရဲစခန်းတွင် ရဲတပ်သားက စခန်းမှူးအား ပစ်ခတ်

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းတွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ ညပိုင်းတွင် ရဲတပ်သားက စခန်းမှူးအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းသည် တောင်ဥက္ကလာပမြို့မရဲစခန်းရှိ အရာရှိ၊ အခြားအဆင့် တပ်ဖွဲ့ဝင်များအား တန်းစီလူစစ်ဆေးရာ ရဲတပ်သား အာကားစိုးမှာ တန်းစီပျက်ကွက်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ရဲတပ်သားအာကာစိုးအား တာဝန်မှူးထံသို့ ခေါ်ဆောင်ခဲ့ပြီး ကင်းစောင့်ရန် ပြောကြားခဲ့ရာ ရဲတပ်သားအာကာစိုးမှ ကင်းမစောင့်နိုင်ဟုပြောဆိုပြီး ၎င်းအားထုတ်ပေးထားသည့် MA-16သေနတ်ဖြင့် စခန်းမှူးအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြထားသည်။ 

ရဲတပ်သားအာကာစိုး၏ ပစ်ခတ်မှုကြောင့် စခန်းမှူးတွင် ယာနံထင် ကျည်ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ထားရကာ ရဲတပ်သားအာကာစိုးကို ရဲစခန်းအချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

#TachileikNewsAgency