ရွှေဘိုမြို့နယ်အတွင်း လစာထုတ်ရန်လာသည့် ပျူစောထီးများ မိုင်းခွဲ တိုက်ခိုက်ခံရ

ရွှေဘိုမြို့နယ်အတွင်း လစာထုတ်ရန်လာသည့် ပျူစောထီးများ မိုင်းခွဲ တိုက်ခိုက်ခံရ

 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် ၂၀၂၃ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့က လစာထုတ်ရန်လာသည့် စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်ဟု ခေါ်သည့် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်(Wild Tiger LPDF) တပ်ဖွဲ့ထံမှ သိရသည်။

အင်အား(၇၀)ဦးဝန်းကျင်ရှိ ပျူစောထီးများကို မြို့လှ-ဂျိုးမြေဇင်းလမ်းပိုင်းတစ်နေရာတွင် ပဒေသာ ဆွဲမိုင်းဖြင့် တစ်ကြိမ်၊ တိုက်မိုင်းဖြင့် (၃)ကြိမ် တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပျူစောထီးများမှာ ညောင်ကိုင်း၊ တည်သီးတော၊ ဆင်အင်း၊ ကူးတိုးဆိပ်၊ မြင်းစီးရွာများမှဖြစ်ပြီး စစ်ကောင်စီကပေးသည့် လစာထုတ်ယူရန်အသွား ဇီးဖြူကုန်း၊ သလုံး၊ ပန်းရံ၊ လိပ်ချင်းရွာမှ ပျူစောထီး များက ထွက်အကြိုတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် - Wild Tiger LPDF ၊ GOLDEN EAGLE-ZBG LPDF၊ ဗိုလ်ဂျပန်ကြီး - ရွှေဘို LPDF၊ တောင်သူကြီးများအဖွဲ့-LDF၊ Bo Ba Taw - SHWEBO LPDF၊ မင်းဂေါင်အဖွဲ့ နှင့် ကြီးလေးကြီးအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။