မီးခိုးမြူများ ဖုံးလွှမ်းနေသည့် တာချီလိတ်တွင် မီးခိုးမြူလျော့နည်းရေးအတွက် အရန်မီးသတ်တပ်ဖွဲ့မှ ရေဖြန်း

မီးခိုးမြူများ ဖုံးလွှမ်းနေသည့် တာချီလိတ်တွင် မီးခိုးမြူလျော့နည်းရေးအတွက် အရန်မီးသတ်တပ်ဖွဲ့မှ ရေဖြန်း
မတ် 13, 2020
By Tachileik News Agency

မီးခိုးမြူများ ဖုံးလွှမ်းနေသည့် တာချီလိတ်တွင် မီးခိုးမြူလျော့နည်းရေးအတွက် အရန်မီးသတ်တပ်ဖွဲ့မှ ရေဖြန်း

မီးခိုးငွေ့များ ဖုံးလွှမ်းနေသည့် နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မီးခိုးမြူလျော့နည်းရေးအတွက် တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ ၂၀၂၀ခုနှစ် မတ်လ(၁၃)ရက်နေ့ နေ့လည်(၁)နာရီ ဝန်းကျင်အချိန်က ချစ်ကြည်ရေးအမှတ်(၁)တံတားမှ အထက(တာချီလိတ်)ကျောင်းရှေ့ထိ ရေမှုန်ရေမွှား ပက်ဖြန်းကြောင်း သိရသည်။

"တာချီလိတ်မှာက မီးခိုးတွေများပြားနေလို့ မြို့နေလူထုတွေ မျက်စိစပ်တာတွေ မျက်စိနာတာတွေ၊ အသက်ရှုကြပ်တာတွေ ဖြစ်နေတော့ တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်တဲ့ အနေနဲ့ အခုလို ရေဖြန်းပေးတာပါ၊ အခုချိန်က ပူးပြင်းတဲ့ အချိန်မို့ ခဏနားထားပြီး ညနေ (၅)နာရီလောက်မှာ တစ်ခါထပ်ဖြန်းပေးဖို့ စီစဉ်ထားပါတယ်"ဟု တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း က ပြောသည်။

တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့က ချစ်ကြည်ရေး အမှတ်(၁)တံတား ထပ်မှ အထက(တာချီလိတ်)ကျောင်းရှေ့အထိ ရေမှုန်ရေမွှား ပက်ဖြန်းပေးရာတွင် အဆိုပါနေရာများတွင် မီးခိုးငွေပိုများသည့်အတွက် ပက်ဖြန်းခြင်း ဖြစ်ကြောင်း နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ လမ်းညွှန် ခွင့်ပြုချက်အရ တပ်ဖွဲ့ဝင်များမှ ရေပက်ဖြန်းကြခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် မီးခိုးမြူဖုံးလွှမ်းခြင်းအား လျော့နည်းစေရေးအတွက် တချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ နှင့် သစ်တောဉီးစီးဌာနတို့မှ ရေးပက်ဖြန်းမှုများကို ၂၀၂၀ခုနှစ် မတ်လ(၁၂)ရက်နေ့က စ၍ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~