တာချီလိတ် - မယ်ဆိုင် အကြား ကုန်သယ်ခနှင့် ကုန်ဈေးနှုန်း မြှင့်တင်ခြင်း ရှိပါက ထွေ/အုပ်ရုံးနှင့် စားသုံးသူရေးရာသို့ တိုက်ရိုက် တိုင်ကြားနိုင်

တာချီလိတ် - မယ်ဆိုင် အကြား ကုန်သယ်ခနှင့် ကုန်ဈေးနှုန်း မြှင့်တင်ခြင်း ရှိပါက ထွေ/အုပ်ရုံးနှင့် စားသုံးသူရေးရာသို့ တိုက်ရိုက် တိုင်ကြားနိုင်
စက်တင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင် အကြား ကုန်သယ်ခနှင့် ကုန်ဈေးနှုန်း မြှင့်တင်ခြင်း ရှိပါက ထွေ/အုပ်ရုံးနှင့် စားသုံးသူရေးရာသို့ တိုက်ရိုက် တိုင်ကြားနိုင်
တာချီလိတ် - မယ်ဆိုင် ကုန်စည်သယ်ယူပို့ဆောင်ရေးကို မော်တော်ယာဉ် အကန့်အသတ်ဖြင့် ပြေးဆွဲခွင့်ပြုထားသည့်ကာလအတွင်း သယ်ယူပို့ဆောင်ခနှင့် ကုန်ဈေးနှုန်းမြှင့်တင်ခြင်းရှိပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနများသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။
“ကားခတွေ ဘာတွေပိုပြီးကောက်တာတွေ။ ဟိုဘက်ကမ်းက ပစ္စည်းတွေကို ကုန်ဈေးနှုန်းပိုတက်ပြီးရောင်းချတာတွေရှိရင် ထွေအုပ်ရုံးနဲ့ စားသုံးသူရေးရာကို တိုက်ရိုက်တိုင်ကြားနိုင်ပါတယ်” ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၌ ပြောသည်။
COVID-19 ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်နေ့က တာချီလိတ် - မယ်ဆိုင် နှစ်နိုင်ငံကုန်စည်ကူးသန်းမှုတွင် တစ်နိုင်ငံလျှင် မော်တော်ယာဉ် (၆) စီးသာ သတ်မှတ်လိုက်ချိန်၌ တာချီလိတ်မြို့တွင်းရှိ ဈေးများသို့ မယ်ဆိုင်မြို့မှ တင်ပို့မည့်အခြေခံစားသောက်ကုန်များ ဝင်ရောက်မှုနောက်ကျခဲ့သော်လည်း လက်ရှိတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီး ပြည်တွင်းမှလည်း အခြေခံစားသောက်ကုန်များဝင်ရောက်လာနေပြီဖြစ်သည်။
တာချီလိတ်မြို့တွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီလမ်းညွှန်ချက်ဖြင့် ဈေးများအတွင်းရောင်းချနေသည့် စားသောက်ကုန်ဈေးနှုန်းများမြင့်တက်မှုရှိ၊ မရှိကို သက်ဆိုင်ရာဌာနများပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် စက်တင်ဘာ (၂၂) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြသည်။  
တာချီလိတ်တွင် ကုန်ဈေးနှုန်းနှင့် ပတ်သက်၍ သယ်ယူစရိတ်မှာ ယခင်ကထက် ပိုမိုကောက်ခံမှုများရှိနေ၍ ဈေးနှုန်းမြင့်နေရခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင်းရှိ ဈေးများတွင် ကွင်းဆင်းစစ်ဆေးမှုအတွင်း ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးအမျိုးအစားအချို့ ယခင်ကထက် ဈေးနှုန်းအနည်းငယ်ဆီ တက်နေသော်လည်း ကျန်ကုန်စည်များကို ယခင်ဈေးနှုန်းဖြင့်သာ ရောင်းချနေသည်ဟု ရောင်းချသူများထံမှ သိရသည်။
 ကုန်သယ်ခနှင့် ကုန်ဈေးနှုန်း မြှင့်တင်ခြင်း ရှိပါက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၏ ဖုန်း 094 2821 9995 သို့ တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားရှိခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~