သိမ်းပိုက်ထားသည့် စခန်းကုန်းများနှင့် မြို့ရွာများကို ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ စစ်ဆေး

သိမ်းပိုက်ထားသည့် စခန်းကုန်းများနှင့် မြို့ရွာများကို ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ စစ်ဆေး
ဇန်နဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိ သိမ်းပိုက်ရရှိခဲ့သော စစ်ကောင်စီတပ်စခန်းကုန်းများကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းတို့ လှည့်လည် စစ်ဆေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သော စခန်းကုန်းများ၊ မြို့ရွာများနှင့် စစ်လက်နက်ပစ္စည်းများကို ခရီးစဉ်အတွင်း စစ်ဆေးခဲ့ပြီး ဖမ်းဆည်းရမိသော စစ်သုံ့ပန်းများ၊ ပြည်သူ့ရင်ခွင် ခိုလှုံထားသူများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

သိမ်းပိုက်ရရှိသော စစ်လက်နက်ပစ္စည်းများကို ပြည်သူ့တော်လှန်ရေးရဲဘော်များအား တပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo: MOD NUG