မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ

မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ
နိုဝင်ဘာ 12, 2023 | 2021 Military Coup| ရှမ်းမြောက်

မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနှင့် ထိန်းချုပ်နိုင်နေပြီဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်(၈)ခုကို စစ်အုပ်ချုပ် ရေးအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီထုတ်ပြန်သည့် မြို့နယ်များမှာ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ ပါဝင်သည်။

အဆိုပါမြို့နယ်များမှ ကွမ်းလုံမြို့ကို ယနေ့တွင်အပြီး သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားနှင့် စစ်အုပ်ချုပ်ရေးမရှိတော့ကြောင်း မဟာမိတိတပ်များက ထုတ်ပြန်ထားပြီး နမ့်ခမ်းမြို့ကိုလည်း TNLAက ထိန်းချုပ်ထားပြီး မြို့ပြင်တွင်ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်း(၂)ခုသာ ရှိတော့ကြောင်း သိရသည်။

#TachileikNewsAgency