ကျောက်မဲမြို့တွင် စဉ့်ကိုင်မှလာ၍ quarantine ထားသည့် အမျိုးသားတစ်ဦးတွင်  COVID 19 ပိုးတွေ့

ကျောက်မဲမြို့တွင် စဉ့်ကိုင်မှလာ၍ quarantine ထားသည့် အမျိုးသားတစ်ဦးတွင်  COVID 19 ပိုးတွေ့
ဒီဇင်ဘာ 25, 2020 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှလာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသား (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့က ဓာတ်ခွဲအဖြေရသဖြင့် ကုသမှုခံယူဆဲ အတည်ပြုလူနာ (၃)ဦးရှိပြီဖြစ်သည်။

အဆိုပါ အသက် (၄၁)နှစ်အရွယ် အမျိုးသားသည် ကျောက်မဲမြို့နယ်၊ ဇီးပင်ရွာသို့ ကြံခုတ်ရန်လာရောက်သူဖြစ်၍ အသွားအလာကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

သူကရောက်ကတည်းက အသွားအလာကန့်သတ်ထားတာ။ တို့ဖတ်နမူနာယူပြီး မူဆယ်ပို့ စစ်ဆေးတဲ့အခါ (၂၄) ရက်နေ့ ညပိုင်းအဖြေမှာ ပိုးတွေ့တယ်။ သူ့ကိုတော့ ကျောက်မဲခရိုင်ဆေးရုံ isolation မှာ ထည့်ထားတယ်။ 

ဟု ကျောက်မဲခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ပြောသည်။

ကျောက်မဲမြို့တွင် ဒီဇင်ဘာလ (၂၅) ရက်နေ့ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာ (၁၇) ဦးတွေ့ခဲ့သည့်အနက် (၁၄)ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်ပြီး ကုသဆောင်၌ အမျိုးသမီး အတည်ပြုလူနာ (၂)ဦးနှင့် အမျိုးသား အတည်ပြုလူနာ (၁)ဦး ကျန်ရှိသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...