သႀကၤန္အက်ေန႔က သီေပါေခ်ာင္းဆံုတြင္ ေရနစ္ ေသဆံုးသြားသူ၏ အေလာင္းအား သႀကၤန္အတက္ေန႔မွ ေတြ႔ရွိ

သႀကၤန္အက်ေန႔က သီေပါေခ်ာင္းဆံုတြင္ ေရနစ္ ေသဆံုးသြားသူ၏ အေလာင္းအား သႀကၤန္အတက္ေန႔မွ ေတြ႔ရွိ
ဧပြီ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕အနီးရွိ သီေပါေခ်ာင္းဆံုတြင္ သႀကၤန္အက်ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၄)ရက္ေန႔က ေရနစ္သြားေသာ အသက္ (၂၅) ႏွစ္အရြယ္လူငယ္၏ အေလာင္းကို ဧၿပီလ (၁၆)ရက္ေန႔ နံနက္ပိုင္းက ဆယ္ယူရရိွထားေၾကာင္း သိရသည္။

"အေလာင္းက ေရအနက္ ေပ (၃၀) ေလာက္မွာ နစ္ေနတာကို အၾကတ္ေန႔ညေနပိုင္းက ေတြ႔ရတယ္။ ေရစီး အရမ္းသန္ေနတဲ့ေနရာျဖစ္တာရယ္ ေရကလဲနက္တာရယ္ေၾကာင့္ ေရငုတ္တဲ့သူေတြကဆယ္ရခက္တယ္။ အတက္ေန႔နံနက္ပိုင္းက် အေလာင္းကေပၚလာၿပီး ကမ္းေဘးနား ေမ်ာလာတာကို စက္ေလွသမားတစ္ေယာက္ က ေတြ႔ၿပီးအေၾကာင္းၾကားလို႔ သြားသယ္လာတာျဖစ္ပါတယ္" ဟု ေရနစ္သူအားသြားေရာက္ သယ္ေဆာင္ရာတြင္ ပါဝင္သည့္ ကိုစိုင္း( ရွမ္း/ေျမာက္ လူငယ္ (မႏၱေလး) ) က တာခ်ီလိတ္ သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေသဆံုးသူသည္ သီေပါၿမိဳ႕မွ ေဒြးကိုကိုဆိုသူျဖစ္ၿပီး နမၼတူေခ်ာင္းႏွင့္ နမၼေခ်ာင္းဆံုရာ သီေပါေခ်ာင္းဆံုတြင္ ဧၿပီလ (၁၄)ရက္ေန႔က ေရကစားရင္း ေရနစ္ေမ်ာပါသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္အတြင္း သႀကၤန္အႀကိဳေန႔က ယာဥ္မေတာ္တဆမႈ (၁) ခု၊ သႀကၤန္ အက်ေန႔က ယာဥ္မေတာ္ တဆ မႈ (၁) ခုႏွင့္ အၾကတ္ေန႔တြင္ မေတာ္တဆမႈ (၃) ခုျဖစ္ပြားခဲ့သျဖင့္ အမ်ိဳးသား (၂) ဦး ႏွင့္ အမ်ိဳးသမီး (၁) ဦး ေသဆံုးခဲ့ေၾကာင္း နယ္စည္းမျခားပရဟိတအသင္း (သီေပါ) မွ သိရသည္။

မဟာသႀကၤန္ကာလအတြင္း ယာဥ္မေတာ္တဆမႈႏွင့္ ေရနစ္ေသဆံုးမႈေၾကာင့္ သီေပါၿမိဳ႕နယ္အတြင္း၌ သႀကၤန္ အႀကိဳေန႔မွ အတက္ေန႔နံနက္ပိုင္းအထိ ေသဆံုးသူ (၄) ဦးရွိထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း -  ေနၿဖိဳးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီးရှိ သီပေါချောင်းဆုံတွင် သင်္ကြန်အကျနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့က ရေနစ်သွားသော အသက် (၂၅) နှစ်အရွယ်လူငယ်၏ အလောင်းကို ဧပြီလ (၁၆)ရက်နေ့ နံနက်ပိုင်းက ဆယ်ယူရရှိထားကြောင်း သိရသည်။

"အလောင်းက ရေအနက် ပေ (၃၀) လောက်မှာ နစ်နေတာကို အကြတ်နေ့ညနေပိုင်းက တွေ့ရတယ်။ ရေစီး အရမ်းသန်နေတဲ့နေရာဖြစ်တာရယ် ရေကလဲနက်တာရယ်ကြောင့် ရေငုတ်တဲ့သူတွေကဆယ်ရခက်တယ်။ အတက်နေ့နံနက်ပိုင်းကျ အလောင်းကပေါ်လာပြီး ကမ်းဘေးနား မျောလာတာကို စက်လှေသမားတစ်ယောက် က တွေ့ပြီးအကြောင်းကြားလို့ သွားသယ်လာတာဖြစ်ပါတယ်" ဟု ရေနစ်သူအားသွားရောက် သယ်ဆောင်ရာတွင် ပါဝင်သည့် ကိုစိုင်း( ရှမ်း/မြောက် လူငယ် (မန္တလေး) ) က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူသည် သီပေါမြို့မှ ဒွေးကိုကိုဆိုသူဖြစ်ပြီး နမ္မတူချောင်းနှင့် နမ္မချောင်းဆုံရာ သီပေါချောင်းဆုံတွင် ဧပြီလ (၁၄)ရက်နေ့က ရေကစားရင်း ရေနစ်မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း သင်္ကြန်အကြိုနေ့က ယာဉ်မတော်တဆမှု (၁) ခု၊ သင်္ကြန် အကျနေ့က ယာဉ်မတော် တဆ မှု (၁) ခုနှင့် အကြတ်နေ့တွင် မတော်တဆမှု (၃) ခုဖြစ်ပွားခဲ့သဖြင့် အမျိုးသား (၂) ဦး နှင့် အမျိုးသမီး (၁) ဦး သေဆုံးခဲ့ကြောင်း နယ်စည်းမခြားပရဟိတအသင်း (သီပေါ) မှ သိရသည်။

မဟာသင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုနှင့် ရေနစ်သေဆုံးမှုကြောင့် သီပေါမြို့နယ်အတွင်း၌ သင်္ကြန် အကြိုနေ့မှ အတက်နေ့နံနက်ပိုင်းအထိ သေဆုံးသူ (၄) ဦးရှိထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net